ဉာဏ်စဉ် ၁၆-ပါး ဘုရားရှိခိုး

by 3:05 AM 0 comments
ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ ဥာဏ်စဉ်(၁၆)ပါး ဘုရားရှိခိုး
၁။ နာမရူပံ-ပရိစ္ဆေဒံ၊ တပ္ပစ္စယ ပရိဂ္ဂဟံ၊
တံ သမ္မသနံ ဥဒယ-ဗ္ဗယဉာဏဉ္စ ဘင်္ဂဂံ။
၂။ ဘယဉာဏံ အာဒီနဝ-ဉာဏဉ္စ နိဗ္ဗိဒံ အထမုဉ္စိတုကမျတံ ပဋိ-သင်္ခံ သင်္ခါရုပေကံ။
၃။ အနုလောမဉ္စ ဂေါတြဘုံ၊ မဂ္ဂဉာဏံ ဖလံ တထာ၊
ပစ္စဝေက္ခဏ ဉာဏန္တိ၊ တိလောကမှိပိ ကေနစိ။
၎။ အဒေသိယေ သာသနိကေ၊
ဉာဏိမေ သေဠ သုတ္တရေ။
ဒေသေတာရံ ပဝတ္တာရံ၊
ဗုဒ္ဓံ တီဟာဒရံ နမေ။
(၁)နာမရူပံ ပရိစ္ဆေဒံ = နာမ်ရုပ်တရားတို့ကို ပိုင်းခြား၍ သိသော နာမရူပပရိစ္ဆေဒဉာဏ်လည်းကောင်း။
(၂) တပ္ပစ္စယပရိဂ္ဂဟံ = ထိုနာမ်ရုပ်တို့၏ အကြောင်းတရားတို့ကို ပိုင်းခြား၍ သိသော ပစ္စယပရိဂ္ဂဟဉာဏ်လည်းကောင်း။
(၃) တံ သမ္မသနံ = ထို နာမ်ရုပ်တို့ကို အနိစ္စ, ဒုက္ခ, အနတ္တအားဖြင့် သုံးသပ် ဆင်ခြင်၍ သိမြင်သော သမ္မသနဉာဏ်လည်းကောင်း။
(၄) ဥဒယဗ္ဗယ ဉာဏဉ္စ = နာမ်ရုပ်တို့၏ အသစ်ဖြစ်ပေါ်လာခြင်း၊ ဖြစ်ပေါ်ပြီးလျှင် တခဏချင်း ပျက်စီးသွားခြင်းကို ရှုမှတ်ထင်ထင် သိမြင်သော ဥဒယဗ္ဗယဉာဏ်လည်းကောင်း။
(၅) ဘင်္ဂဂံ = နာမ်ရုပ်တို့၏ ပျက်စီးခြင်းကိုသာ ရှုမှတ်ထင်ထင် သိမြင်သော ဘင်္ဂဉာဏ်လည်းကောင်း။
(၆) ဘယဉာဏဉ္စ = နာမ်ရုပ်တို့၏ ပျက်စီးခြင်းကို သိမြင်သဖြင့် ကြောက်လန့်ဖွယ် ဘေးကြီးအဖြစ်ဖြင့် ထင်မြင်သော ဘယဉာဏ်လည်းကောင်း။
(၇) အာဒီနဝဉာဏဉ္စ = နာမ်ရုပ်သင်္ခါရတို့၌ ကိုးကွယ်ရာမထင် အပြစ်မြင်သော အာဒီနဝဉာဏ်လည်းကောင်း။
(၈) နိဗ္ဗိဒံ = နာမ်ရုပ်သင်္ခါရတို့၌ မပျော်မမွေ့ ငြီးငွေ့သော နိဗ္ဗိဒါဉာဏ်လည်းကောင်း။
(၉) မုဉ္စိတုကမျတံ = နာမ်ရုပ်သင်္ခါရတို့မှ အလွန်အမင်း လွတ်ကင်း ထွက်မြောက်လိုသော မုဉ္စိတုကမျတာဉာဏ်လည်းကောင်း။(၁၀) ပဋိသင်္ခံ = အလွန်အမင်း လွတ်ကင်း ထွက်မြောက်လိုလှသဖြင့် ထိုနာမ်ရုပ်နှစ်ပါးကိုပင် အနိစ္စစသော လေးဆယ်သော အခြင်းအရာတို့ဖြင့် တွင်တွင်အားထုတ်၍ အနိစ္စ, ဒုက္ခ, အနတ္တအနေအားဖြင့် ကောင်းကောင်းကြီး ထင်မြင်သော ပဋိသင်္ခါဉာဏ်လည်းကောင်း။
(၁၁) သင်္ခါရုပေက္ခကံ = အနိစ္စ, ဒုက္ခ, အနတ္တအနေအားဖြင့် ကောင်းကောင်း ထင်မြင်၍ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို ရသဖြင့် အလွန်ပြင်းထန်သော လုံ့လကိုလည်း မပြု၊ ထိုရုပ်နာမ်သင်္ခါရတို့၌ ကြောက်လန့်ခြင်း, နှစ်သက်ခြင်း နှစ်ပါးကိုလည်း ပယ်စွန့်၍ သိရုံ သိရုံသာ အညီအမျှရှုသော သင်္ခါရုပေက္ခာဉာဏ်လည်းကောင်း။
(၁၂) အနုလောမဉ္စ = အနိစ္စ, ဒုက္ခ, အနတ္တတို့တွင် တစ်ပါးပါးကို အာရုံပြု၍ ဥဒယဗ္ဗယစသော ရှေးဉာဏ်ရှစ်ပါးနောက် မဂ္ဂသစ္စာအားလျော်သော ဂေါတြဘူ၏ ရှေးအခြားမဲ့၌ နှစ်ကြိမ်, သုံးကြိမ်ဖြစ်သော အနုလောမဉာဏ်လည်းကောင်း။
(၁၃) ဂေါတြဘုံ = ပုထုဇဉ်အနွယ်ကို ဖြတ်၍ အရိယအနွယ်ဇာတ်သို့ ရောက်စေလျက် နိဗ္ဗာန်ကို အာရုံပြု၍ မဂ်၏ ရှေးအဖို့၌ တစ်ကြိမ်မျှသာဖြစ်သော ဂေါတြဘူဉာဏ်လည်းကောင်း။
(၁၄) မဂ္ဂညာဏံ = နိဗ္ဗာန်ကို မျက်မှောက်ပြုလျက် သစ္စာလေးပါးကို တပြိုင်နက်သိသော မဂ်ဉာဏ်လည်းကောင်း။
(၁၅) ဖလံ = မဂ်ဉာဏ်ကဲ့သို့ပင် နိဗ္ဗာန်ကို အာရုံပြုလျက်ဖြစ်သော ဖိုလ်ဉာဏ်လည်းကောင်း။ တထာ = ထိုမှတပါး
(၁၆) ပစ္စဝေက္ခဏဉာဏံ = မဂ်ဖိုလ်နိဗ္ဗာန်ပယ်ပြီးသော ကိလေသာ၊ မပယ်ရသေးသော ကိလေသာအားဖြင့် ပြန်လှည့်၍ ဆင်ခြင်သော ပစ္စဝေက္ခဏာဉာဏ်လည်းကောင်း။
ဣတိ = ဤသို့၊
တိလောကမှိ = ကာမ, ရူပ, အရူပဟု လောကသုံးဖြာ စကြာဝဠာရှိသမျှ အနန္တမဆုံး လောကကြီး တစ်ခုလုံး၌။
ကေနစိပိ = နတ်, လူ, ဗြဟ္မာ သတ္တဝါတစ်ဦးတစ်ယောက်မျှသော်လည်း။
အဒေသိယေ = မကြား,မနာ ကြံစည်ကာဖြင့် အမှန်အကန်ကျအောင် ဟောပြခြင်းငှာ မစွမ်းနိုင်ရာကောင်းကုန်သော။
သာသနိကေ = ဗုဒ္ဓမြတ်စွာ သာသနာတော်ကြီးအတွင်း၌သာလျှင် ပေါ်လင်းဖြစ်ထွန်းနိုင်ကောင်းကုန်သော။
ဥတ္တရေ = လောကီပညာအရပ်ရပ်တို့ထက် ထူးကဲမြင့်မြတ်ကုန်သော။
ဣတိ သောဠသဉာဏေ = ဤ ၁၆-ပါးသော ဉာဏ်တို့ကို။
ဒေသေတာရံ = မိမိကိုယ်တော်တိုင် ပိုင်ပိုင်လှလှ အမှန်တကယ် သိရ၍ လှစ်ဟထုတ်ဖော် ဟောကြားတော်မူတတ်သော။
ပဝတ္တာရံ = မိမိကိုယ်တော်တိုင် ပိုင်နိုင်ပြီးစီးစေပြီးမှ ခိုမှီကပ်လာ ဗြဟ္မာနတ်လူ ကျွတ်ထိုက်သူ မှန်သမျှ ကလျာဏပုထုဇဉ် အရိယာသခင်တို့၏ ကြည်လင်သောစိတ်သန္တာန်ဝယ် အဖန်ဖန်အားဖြင့် ဖြစ်ပွားစေတော်မူတတ်ပေထသော။
ဗုဒ္ဓံ = သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရားသခင်ကို။
အဟံ = တပည့်တော်သည်။
တီဟိ = ကာယညွတ်ချီ ဝစီမန သုံးဒွါရတို့ဖြင့်။
အာဒရံ = ရိုသေစွာ။
နမေနမာမိ = ကြည်ညိုမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပါ၏ မြတ်စွာဘုရား။
ကျွန်တော့် blogeသို့ ရောက်ရှိလာကြကုန်သော အရှင်သူမြတ်အပေါင်းတို့အား ဦးထိပ်ပန်ဆင်လျက် ဓမ္မမိတ်ဆွေ ဦးဦး,ဒေါ်ဒေါ်,အကို,အမ,ညီလေး,ညီမလေးတို့အားလုံးအားလေးစားစွာတောင်းဆိုအပ်ပါသည်။ ကျွန်တော်သည် ပြည့်စုံကျွမ်းကျင်သူ မဟုတ်သော ကြောင့် အစစမှာ လိုအပ်ချက်များစွာရှိနေနိုင်ပါသည်။ထို့အတွက်ကြောင့် ကျွန်တော့်၏ လိုအပ်ချက်များကို ဝေဖန်ဆုံးမ အကြံပေး ပြောကြာ့း ပေးပါရန် တောင်းဆိုအပ်ပါသည်။

Blogger dream

Developer

Cras justo odio, dapibus ac facilisis in, egestas eget quam. Curabitur blandit tempus porttitor. Vivamus sagittis lacus vel augue laoreet rutrum faucibus dolor auctor.

0 comments:

Post a Comment