ယူတက်ရင်ရပါတယ်

by 9:34 AM 0 comments


ယူတတ်ရင် ရပါတယ် စာရေးသူ စိတ်ထဲ တွေးမိတာလေး တစ်ခုရှိတယ်။ အားလုံးလည်း ကြားဖူးနေပြီးသား စကားလုံး ဖြစ်ပါတယ်။ဆရာသမားက တပည့်တွေကိုပြောရင် ငါတို့ကတော့ မိုးရွာချပေးလိုက်တာပဲ။အေး မင်းတို့ယူတဲ့သူအပေါ်ပဲ မူတည်ပြီး မင်းတို့ ရရှိကြမှာပါ ဆိုတဲ့ စကား..မှန်ပါတယ် ကျွန်တော်တို့ ဆရာသမားတွေ မျှဝေလိုက်တဲ့ ပညာကို ခံယူတဲ့
တပည့်တွေ အပေါ် မူတည်ပြီး ဖလားနဲ့ ခံယူရင် ဖလားနဲ့ တန်တာပဲ ရမယ်..စဉ့်အိုးနဲ့ ခံယူရင် စဉ့် အိုးနဲ့ တန်သလောက် ရကြတာပါ။ ဒါက ပညာရေးနယ်ပယ်မှာ အများဆုံး သုံးဖြစ် ပြောဖြစ်တဲ့ ဆုံးမစကားတစ်ခု အဲ့ဒီလိုပါပဲ တစ်ခြား ပတ်ဝန်းကျင်မှာလည်း လူမှု့ရေး ၊ စီးပွားရေး က အစ ကိုယ့် စိတ်က သဘောထားမှန်မှန်ကန်ကန်နဲ့ ခံယူနိုင်ရင် ကိုယ်ခံယူသလောက် ရမှာပါ…တကယ်တော့ အမြင်မှန်တယ် ဆိုတာ အမှန်မြင်တာပါပဲ မဟုတ်လား။ ပရဟိတ အစ ဘုရား၊ ရဟန္တာက စာရေးသူ အပါအ၀င် လူတော်တော်များများဟာ ပရဟိတ အများအကျိုးထက် အတ္တဟိတ ကိုယ့်အကျိုးကောင်းဖို့ အတွက်ပဲ တစ်နေ့ တစ်နေ့ ရုန်းကန်လှုပ်ရှားနေကြတာ များပါတယ်။ ဘ၀ဆိုတာ ဒီလိုကိုယ့်အကျိုးအတွက် ကိုယ်ကောင်းစားဖို့ အတွက်ပဲ ရုန်းကန်လှုပ်ရှားရင်း သေသွားကြမယ်ဆိုရင် အင်မတန်မှ နှမြောစရာ ကောင်းပါတယ် ဒါဆိုရင် ဘာလုပ်ရမလဲရှေးသူတော်ကောင်းကြီးတွေ လမ်းပြခဲ့တာ အများကြီးပါ..သူများအကျိုးအတွက် နဲနဲလောက်ဖြစ်ဖြစ် စမ်းလုပ်ကြည့်ပါအုံး။ရင်ထဲမှာဘယ်လို ခံစားလာရမလဲဆိုတာသိရအောင်။ပရဟိတအလုပ်ကို ဘယ်သူစလုပ်ခဲ့တယ်လို့ စာဖတ်သူ ထင်ပါသလဲ… မြတ်စွာဘုရားက နုစဉ်အခါကတည်းက ပရဟိတဆိုတာကို စလုပ်ခဲ့တာပါ..ငယ်ငယ်က ကျောင်းသင်ရိုးညွှန်းတမ်းထဲမှာ ပါတယ်…နိဂြောဓ သမင်ကြီး နဲ့ သာခ သမင်ကြီး အုပ်စိုးတဲ့ သမင်အုပ်စုနှစ်ဖွဲ့ ကို သမင်သားအရမ်းကြိုက်တဲ့ ဘုရင်ကြီးက သူ့ ပန်းခြံထဲကို ကျုံးသွင်း ခြံခတ်ထားပြီး တစ်နေ့ကို တစ်ကောင်စီ အလှည့်ကျ သတ်စားပါတယ်။တစ်နေ့ကျတော့ သာခ သမင်ကြီး အုပ်စုထဲက သမင်မလေးတစ်ကောင်က ကိုယ်ဝန်ကြီးနဲ့ နောက်တစ်နေ့ ညနေဆို မွေးတော့မယ်..ဒါပေမဲ့ အဲ့ဒီသမင်မလေးက နောက်တစ်နေ့ မနက်မှာ အသတ်ခံရမဲ့ အလှည့် ရောက်လာတယ်။အဲ့တော့ သူ့ကို အုပ်ချုပ်တဲ့ သာခ သမင်ကြီးကို သွားပြောတာပေါ့ ။သူ့ ဗိုက်ထဲမှာ ရှိနေတဲ့ ကလေး လေးကိုတော့ မီးဖွားပါရစေ..နောက်တစ်နေ့ကျမှ သူအသတ်ခံပါရစေပေါ့။ဖြစ်နိုင်ရင် သူ့ကိုအခြားသမင်တစ်ကောင်နဲ့ ဒီတစ်ရက် အစားထိုးပေးဖို့ သွားတောင်းဆိုပါတယ်။ဒါကို သာခသမင်ကြီးက လက်မခံပါဘူး။အဲ့ဒါနဲ့ နိဂြောဓသမင်ကြီးဆီသွားပြီး အကျိုးအကြောင်း ပြောပြတော့ လက်ခံလိုက်ပါတယ်။အဲ့ဒီသမင်မလေး အစား သူအသတ်ခံပါမယ်တဲ့။အတိုချုံးပြောရရင်တော့ နောက်တစ်နေ့လည်းရောက်ရော အသတ်ခံရမဲ့ တုံးပေါ်မှာ လည်သွားဆင်းပေးထားပါတယ်. နိဂြောဓ သမင်ကြီးဆိုတာ သမင်အုပ်စုနှစ်ဖွဲ့ထဲမှာ အရောင်အသွေး အလှဆုံး အတောက်ပဆုံး အကောင်အကြီးဆုံး ပေါ့။အဲ့ဒီတော့ သားသတ်သမားကလည်း မသတ်ရဲဘူး..ဘုရင်ကြီးဆီသွားသ တင်းပို့ ..ဘုရင်ကြီးကလိုက်လာ.. အကျိုးအကြောင်းမေး…သမင်ကြီးက ဘုရင်ကို တရားပြ ဆုံးမစကားတွေ ပြော..နောက်ဆုံး ဘုရင်ကြီးက သမင်တွေအားလုံးကို လွှတ်ပေးလိုက်တယ်..ဘုရင်ကြီးလည်း အသိတရားတွေ ရသွားပေါ့… ဇတ်လမ်းက ဒီမှာ မဆုံးသေးဘူး… အနာခံခြင်းနဲ့ အသာစံခြင်း နုစဉ်တုန်းက နိဂြောဓ သမင် ကြီးဖြစ်ခဲ့တဲ့ နောက်ဆုံး ပစ္ဆိမဘ၀ရောက်တော့ ဘုရားဖြစ်..သာခသမင်ကြီးကတော့ ဒေ၀ဒတ္တ(ဒေ၀ဒတ်) ကြီး ဖြစ်..အဲ့ဒီတုန်းက ဗိုက်ကြီးနဲ့ သမင်မလေးက သူဌေးသမီးလေး တစ်ဦးဖြစ်ပေါ့..ဒါနဲ့ သူဌေးသမီးလေး အရွယ်ရောက်လာတော့ မိဘတွေက အတင်း အိမ်ထောင်ချပေးလို့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်လိုက်ရတယ်..သူဌေးသမီးလေးက မိဘတွေလက်ထက်ကတည်းက အိမ်ထောင်မပြုပါရစေနဲ့ သူ့ကို သာသနာ့ဘောင်ထဲ ၀င်ခွင့်ပေးပါလို့ ခွင့်တောင်းတာကို မိဘတွေ ခွင့်မပြုလို့ လက်ထပ်ခဲ့ရတာဆိုတော့ ယောက်ျားရပြီးတော့လည်း ဇွဲမလျှော့ပါဘူး.. သူ့ခင်ပွန်းသည်ကို ခွင့်တောင်းပြန်ပါတယ်..သူ့ခင်ပွန်းကလည်း သဘောထားကြီးတဲ့ သူဆိုတော့ ရဟန်းမ ပြုခွင့်ပေးလိုက်ပါတယ်..ဒါနဲ့ ဒေ၀ဒတ်ကြီး အုပ်ချုပ်တဲ့ ကျောင်းကို ရောက်လာ.. အဲ့ဒီတုန်းက ဘိက္ခုနီ သာသနာက ရှိနေတာဆိုတော့…ဘိက္ခုနီမ ၀တ်… နောက်လေးငါးလလောက် ကြာလာတော့ အိမ်ထောင်သည်ဘ၀တုန်းက အမျိုးသားနဲ့ အတူနေခဲ့တာဆိုတော့ ကိုယ်ဝန်ပါလာတာပေါ့..အဲ့တော့ သူဌေးသမီး ရဟန်းမလေးကို ဒေ၀ဒတ် ကြီးက လူဝတ်လဲခိုင်းတော့တာပါပဲ..နောက်ဆုံးတော့ သူ့ကျောင်းမှာ မထားနိုင်ဘူးဆိုတော့ ရဟန်းမလေး မြတ်စွာဘုရားရှိရာ အရပ်ဆီ ပြေးရတော့တာပါပဲ.. မြတ်စွာဘုရားဆီရောက် တော့ လက်ခံပါတယ်..သူ့ ဒကာမအရင်းတွေ ဖြစ်တဲ့ ဝိသာခါကျောင်းအစ်မကြီးတို့ ကို ခေါ်ပြီး စမ်းသပ်ခိုင်းတာပေါ့ ကိုယ်ဝန်လွယ်တဲ့ အချိန်ဟာ သာသနာ့ဘောင်ထဲ ရောက်ပြီးမှလား မရောက်ခင်ကတည်းကလားဆိုတာ ကိုစစ်ဆေး ခိုင်းပါတယ်..အဖြေက ရဟန်းမလေး အိမ်ထောင်သည်ဘ၀တည်းက ပါလာတာဖြစ်ကြောင်း အထောက်အထားခိုင် လုံတော့ မြတ်စွာဘုရားဟာ သူ့ကျောင်းဝန်းထဲမှာပဲ ရဟန်းမလေးကို မီးဖွားခွင့် ပြုလိုက်ပါတယ်..နောက်ဆုံး အကျဉ်းချုပ်ပြီး တင်ပြရမယ်ဆိုရင်တော့ ဟိုးအရင် ဘ၀ပေါင်းများစွာသာမက ဒီဘ၀မှာလည်း ကယ်တင်လိုက်ပါ တယ်..ရဟန်းမလေးလည်း တရားထူး တရားမြတ်ရသွားပါတယ်။ အနာခံတဲ့သူတွေရဲ့ ပန်းတိုင်ကတော့ မြင့်မြတ်ခြင်း ဆီ ဦးတည်ပြီး ၊ အသာစံသူတွေရဲ့ ပန်းတိုင်ကတော့ ယုတ်ညံ့ခြင်းဆီ ဦးတည်ပါတယ်။ မြတ်စွာဘုရား ကတော့ နိဗ္ဗာန်ကို ရောက်ရှိပြီး ဒေ၀ဒတ်ကတော့ အ၀ီဇိငရဲမှာ ယခုအချိန်ထိ အပြစ်တွေ ပေးဆပ်နေရပါတယ်။ နောက်ဆုံး ရလဒ်ကတော့ စာရှု့သူတို့ မြင်တွေ့ရတဲ့ အတိုင်းပါပဲ။ တကယ်တော့ လောကကြီးမှာ ကိုယ်ပိုင်တာ ဘာမှ မရှိပါဘူး။ အရာအားလုံးဟာလည်း မမြဲပါဘူး။ သေရင် အကုန်ထားခဲ့ရမှာပါ။ အဲတော့ ပစ္စည်း၊ ဥစ္စာ ၊ပညာ ရှာတော့ ရှာပါ။ ဒါပေမဲ့ ဒါတွေအားလုံးဟာ ဒီဘ၀ ၊ ဒီတသက်စာ၊ တစ်ခဏတာမျှ ရှာတာဖြစ်တယ်လို့ သိပြီး ရှာရင်းနဲ့ အများအကျိုးကိုလည်း သယ်ပိုးဆောင်ရွက်ဖို့ မမေ့ကြပါနဲ့လို့ စေတနာရှေ့ထားပြီး နှိုးဆော်တိုက်တွန်းရင်း ရွှေဟင်္သာ ဆရာတော်ဘုရားကြီးရဲ့ လကာင်္လေးနဲ့ နိဂုံးချုပ်လိုက်ပါတယ်ခင်ဗျာ။
 အများအကျိုး ၊ ရွက်သယ်ပိုးက ၊ ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း မဖဲ့စကောင်း ၊ ကိုယ့်လမ်းကြောင်းကို စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော့။ 
ရွှေဟင်္သာ ဆရာတော်ဘုရားကြီး မေတ္တာများစွာဖြင့်

Blogger dream

Developer

Cras justo odio, dapibus ac facilisis in, egestas eget quam. Curabitur blandit tempus porttitor. Vivamus sagittis lacus vel augue laoreet rutrum faucibus dolor auctor.

0 comments:

Post a Comment